Skip to content

Creating Signature Images

စာရွက်ပေါ်မှာရေးထားတဲ့ ထိုးမြဲလက်မှတ်ကို image file ပြောင်းပြီးသိမ်းထားမယ်ဆိုရင် soft copy file ထဲမှာပဲလက်မှတ်ထိုးလို့ရမှာဖြစ်ပါတယ်။ ပရင့်ထုတ်၊ လက်မှတ်ထိုးပြီး စကင်ပြန်ဖတ်ရတဲ့ အလုပ်တွေမရှိတော့ပါဘူး

Draw Signature

လက်မှတ်ထိုးမယ့်စာရွက်ဟာ မျဉ်းကြောင်းတွေပါတဲ့စာရွက်မဖြစ်ရပါဘူး

ရိုးရိုးဘောပင်ထက်စာရင် မင်လုံးကြီးတဲ့ မင်စိုနဲ့ထိုးတာပိုကောင်းပါတယ်

Capture Signature

စာရွက်ပေါ်မှာထိုးထားတဲ့လက်မှတ်ကို စကင်နာနဲ့ဖတ်တာက အရည်အသွေးအကောင်းဆုံးရပါတယ်

စကင်နာမလွယ်ရင် ဖုန်းကင်မရာနဲ့ဓါတ်ပုံရိုက်နိုင်ပါတယ်

ကွန်ပြူတာရဲ့ webcam ကနေ ဓါတ်ပုံရိုက်တာကတော့ အရည်အသွေးမကောင်းနိုင်ပါဘူး

Crop Image

ရလာတဲ့ image ကို နှစ်သက်ရာ image editor တခုခုသုံးပြီး Crop လုပ်ဖို့လိုပါတယ်။ Crop လုပ်ခြင်းအားဖြင့် နောက်ခံဖျောက်ရတာပိုမြန်ပြီး ဖိုင်အရွယ်အစားကိုလည်း လျှော့ချနိုင်ပါတယ်

Background Removal

နောက်ခံဖျောက်ဖို့အတွက် အွန်လိုင်းမှာလုပ်နိုင်သလို Photoshop မှာလည်းလုပ်နိုင်ပါတယ်။ အွန်လိုင်းမှာလုပ်တာက ပိုမြန်ပါတယ်။ Account လုပ်စရာလည်းမလိုတာကြောင့် ဘယ်သူ့လက်မှတ်လည်းဆိုတာ သိနိုင်ဖို့ခက်ပါတယ်။ အွန်လိုင်းမှာအခမဲ့သုံးနိုင်တဲ့ ဝန်ဆောင်မှုတွေကတော့

  • Remove.bg
  • Erase.bg လက်မှတ်ပုံကို upload လုပ်ပြီး နောက်ခံဖျောက်ထားတဲ့ဖိုင်ကို download လုပ်နိုင်ပါတယ်