Skip to content

Using Email

Desktop Mail Clients

Toggle notifications on thunderbird for Windows

အီးမေးလ်ဝင်တဲ့အခါ notification ပြချင်/ပိတ်ချင်တယ်ဆိုရင် Thunderbird window ရဲ့ညာဘက်အပေါ်ဆုံးထောင့်က menu icon ကိုနှိပ်ပါ

Settings ကိုနှိပ်ပါ

General tab အောက်က Incoming Mails အထိရောက်အောင် ဆွဲချပါ။

When new messages arrive: အောက်မှာ

  • Show an alert ကိုအမှန်ခြစ်ထားရင် အီးမေးလ်အသစ်ဝင်တိုင်း notification ပြပေးပါမယ်
  • Show a tray icon for unread messages က မဖတ်ရသေးတဲ့အီးမေးလ်အရေအတွက်ကို အောက်ဆုံးက thunderbird အိုင်ကွန်မှာပြပေးပါတယ်
  • Play a sound က အီးမေးလ်ဝင်လာရင်အသံထွက်ပေးပါတယ်

Notification မပေါ်စေချင်ရင်တော့ Show an alert ကိုအမှန်ခြစ်ဖြုတ်ထားလို့ရပါတယ်။ Show an alert မလုပ်ထားဘဲ Play a sound ပဲလုပ်ထားရင်တော့ notification မတက်ဘဲအသံပဲကြားရမှာဖြစ်ပါတယ်။

Toggle notifications on thunderbird for Mac

အီးမေးလ်ဝင်တဲ့အခါ notification ပြချင်/ပိတ်ချင်တယ်ဆိုရင် Mac ရဲ့ System Settings ကိုဖွင့်ပါ

Notifications ကိုသွားပါ

Thunderbird ကိုနှိပ်ပါ

Allow notifications ကိုအဖွင့်အပိတ်လုပ်ခြင်းအားဖြင့် notification ပေါ်အောင်/ပျောက်အောင်လုပ်နိုင်ပါတယ်။

Toggle notifications on thunderbird for Linux

အီးမေးလ်ဝင်တဲ့အခါ notification ပြချင်/ပိတ်ချင်တယ်ဆိုရင် Thunderbird ရဲ့ညာဘက်အပေါ်ဆုံးထောင့်က menu icon ကိုနှိပ်ပါ