IT asset management policy
Eligibility
အချိန်ပြည့်ဝန်ထမ်းများကိုသာ ကွန်ပြူတာ/လက်ပ်တော့များ ထုတ်ပေးမည်ဖြစ်သည်။ ကန့်သတ်ချက်ကိုကျော်လွန်၍ ချွင်းချက်အနေနှင့်တောင်းဆိုမှုများအတွက် ဌာနမန်နေဂျာ၏ ခွင့်ပြုချက်လိုအပ်သည်။
Only regular full-time staff will be provided with laptops and exceptional requests need approval from the department manager.
Security Requirements
ကွန်ပြူတာအားလုံးတွင် နောက်ဆုံးပေါ်အန်တီဗိုင်းရပ်စ်ဆော့ဝဲထည့်သွင်းထားရမည်ဖြစ်ပြီး ဗိုင်းရပ်စ်အကာအကွယ်ဖွင့်ထားရန်လိုအပ်သည်။ ကွန်ပြူတာများကို စကားဝှက်အကာအကွယ်ဖြင့် မျက်နှာပြင်အလိုအလျောက်ပိတ်စေရန် ချိန်ညှိထားရမည်ဖြစ်ပြီး ကွန်ပြူတာဖွင့်စကားဝှက်များကို ရက် (၉၀) ပြည့်တိုင်းအသစ်ပြောင်းလဲရမည်။ အဖွဲ့အစည်းကွန်ပြူတာများကို အနည်းဆုံးတစ်ပတ်လျှင်တစ်ကြိမ် အပြည့်အဝပါဝါပိတ် (သို့) ပိတ်ဖွင့်ပြုလုပ်သင့်ပြီး ပုံမှန်လုံခြုံရေးအဆင့်မြှင့်တင်မှုများကိုလည်း လက်ခံဆောင်ရွက်ပေးရပါမည်။
All devices must have updated antivirus software and turned on. Devices must have enabled screen lock with password and passwords must be changed every 90 days. Devices should shutdown/restart at least once a week and regular system updates are mandatory.
Replacement
အောက်ပါအခြေအနေများတွင် စက်ပစ္စည်းအစားထိုးလဲလှယ်နိုင်သည်
- အသုံးပြုသူကြောင့်မဟုတ်ဘဲ သက်တမ်းရင့်၍ပျက်စီးလျှင်
- မပျက်စီးသေးသော်လည်း ထုတ်လုပ်သည့်ကုမ္ပဏီက ၎င်းပစ္စည်းအတွက်ဝန်ဆောင်မှုရပ်ဆိုင်းချိန်ရောက်သည်အထိ သက်တမ်းရင့်လျှင်
- ပြင်ဆင်ခြင်းထက် အသစ်လဲလှယ်ခြင်းက ပိုတွက်ချေကိုက်လျှင်
အထက်ပါအချက်များနှင့်အကျုံးမဝင်ဘဲ အိုင်တီပစ္စည်းအသစ်တောင်းဆိုလိုပါက မန်နေဂျာ/ကြီးကြပ်သူ၏ အီးမေးလ်ဖြင့်ခွင့်ပြုချက်လိုအပ်သည်။ အိုင်တီဝန်ထမ်းတစ်ဦး၏ ထောက်ခံချက်မပါဘဲ အိုင်တီပစ္စည်းများကို ဝန်ထမ်းအချင်းချင်းလဲလှယ်အသုံးပြုခွင့်မရှိပါ။
IT asset replacement can be made when:
- damage due to end of life other than user fault
- the vendor stops service support though not damaged yet
- replacement is more cost-efficient than repair
Requesting a new IT asset before the replacement criteria require approval from the manager/supervisor. Employees must not swap assets without approval from an IT Staff.
Return Policy
ဝန်ထမ်းနုတ်ထွက်ချိန်တွင် သက်ဆိုင်ရာပစ္စည်းအားလုံး ပစ္စည်းလွှဲပြောင်းပုံစံဖြင့် ပြန်လည်အပ်နှံရမည်။ အသုံးပြုသူကြောင့်ဖြစ်ပေါ်သည့် ပျက်စီးမှုများအတွက် ထိုက်သင့်သည့်လျော်ကြေးပေးဆောင်ရနိုင်ပါသည်။
Assets must be returned upon employment termination together with asset handover form. Damaged equipment due to user fault may result in compensation charges.
Asset Tracking
အိုင်တီပစ္စည်းများကို စတိုစီမံခန့်ခွဲမှုစနစ်တွင်မှတ်တမ်းတင်ထားရမည်ဖြစ်ပြီး စာရင်းနှင့်မြေပြင်အချက်အလက်ကိုက်ညီမှုရှိ/မရှိ ပုံမှန်စစ်ဆေးရန် အိုင်တီဝန်ထမ်းတွင်တာဝန်ရှိသည်။
IT assets must be recorded with an asset management system. It is the responsibility of the IT staff to do regular inventory checks and updates.