Skip to content

My Inventory Settings

Item list

ပစ္စည်းစာရင်းဆိုတာ ကိုယ့် application မှာသုံးမယ့်စာရင်းဖြစ်ပါတယ်။ ဒီစာရင်းမှာပါတဲ့ပစ္စည်းတွေဟာ ကိုယ့်ဆေးစတိုမှာရှိတဲ့ပစ္စည်းတွေမဟုတ်သေးပါဘူး။ စနစ်ထဲမှာသုံးမယ့်ပစ္စည်းနာမည်တွေ အရင်ဆုံးကြိုထည့်ထားတဲ့သဘောပါ။ ကြိုထည့်ထားပြီးမှပဲ ပစ္စည်းအဝင်အထွက်စာရင်းတွေ မှတ်နိုင်မှာဖြစ်ပါတယ်။ စာရင်းသွင်းတဲ့အခါ တစ်ခုချင်းထည့်သွင်းတာရယ်၊ CSV import လုပ်ပြီးထည့်သွင်းတာရယ် နှစ်မျိုးရှိပါတယ်။

Create Item ခလုတ်ကိုနှိပ်ရင် ပစ္စည်းစာရင်းသွင်းတဲ့ Create Item စာမျက်နှာကိုရောက်ပါမယ်။

Create Item

Item Name: ပစ္စည်းအမည်နဲ့ပါဝင်တဲ့အလေးချိန် အပြည့်အစုံထည့်သွင်းပေးရပါမယ်

Category: Medicine, Medical Supplies, Warehouse Supplies ဆိုတဲ့အဓိကအုပ်စုကြီးထဲ တစ်ခုကိုရွေးချယ်ရပါမယ်

Subcategory (Optional): Category ကိုရွေးပြီးမှဆက်ရွေးလို့ရပါမယ်၊ အရှေ့မှာရွေးလိုက်တဲ့ category အောက်က အမျိုးအစားခွဲတွေကို ဆက်ရွေးရပါမယ်၊ Subcategory အမျိုးအစားခွဲမရှိရင် မရွေးဘဲထားခဲ့လို့ရပါတယ်။

Package form: ထုပ်ပိုးပုံစံဖြစ်ပါတယ်၊ အချို့က counting unit လို့လည်းခေါ်ကြပါတယ်၊ ပစ္စည်းရဲ့ရေတွက်ပုံ (သို့) ထုပ်ပိုးပုံစံကို ထည့်သွင်းရပါမယ်။

ဒါပြီးရင်နောက်တစ်ခုဆက်တိုက်ထပ်ထည့်မယ်ဆိုရင် Create & create another နှိပ်ပါ။ တစ်ခုပဲထည့်ဖို့ဆိုရင် Create ခလုတ်နှိပ်ပါ။ Create နှိပ်ပြီးသွားရင်တော့ Items စာမျက်နှာကိုပြန်ရောက်ပါမယ်။

Import CSV

ပစ္စည်းအမျိုးအစား ရာနဲ့ချီပြီးထည့်ဖို့ဆိုရင် တစ်ခုချင်းထည့်တာထက် CSV Import လုပ်တာက ပိုမြန်ပါတယ်။ Excel spreadsheet (သို့) Google Sheet နဲ့စာရင်းလုပ်ပြီးသားရှိမယ်ဆိုရင် Application နဲ့ကိုက်ညီအောင် data cleaning လုပ်ပြီးထည့်သွင်းနိုင်ပါတယ်။ Dashboard က Go to Item List ခလုတ်ကိုနှိပ်ပါ။ Items စာမျက်နှာကိုရောက်ပါမယ်။ Import CSV ခလုတ်ကိုနှိပ်ပါ။ import လုပ်ချင်တဲ့ CSV file ကိုဘယ်လိုပြင်ဆင်ရမလဲ နမူနာကြည့်လို့ရအောင် Download example CSV file ကိုနှိပ်ပါ။ Download လုပ်လို့ရလာတဲ့ item-importer-example.csv ကိုဖွင့်ပါ။ ပါဝင်တဲ့ column တွေက -

name: ပစ္စည်းအမည်နှင့်ပါဝင်မှုပမာဏကို စာသားနဲ့ထည့်သွင်းရပါမယ်၊ ဥပမာ Paracetamol 500mg

category: ပစ္စည်းအမျိုးအစားကို နံပါတ်နဲ့ထည့်သွင်းရပါမယ်၊ Medicines ဆိုရင် 1 ထည့်ရမှာဖြစ်ပြီး Medical Supplies ဆိုရင် 2 ထည့်ရမှာဖြစ်ပါတယ်။ 1 တွေ 2 တွေဘယ်မှာသွားကြည့်လို့ရလဲဆိုရင် Main Menu က My Inventory Settings/Categories ထဲမှာကြည့်နိုင်ပါတယ်။

subcategory: အမျိုးအစားခွဲကို နံပါတ်နဲ့ထည့်သွင်းရပါမယ်၊ Oral ဆိုရင် 1 ထည့်ရမှာဖြစ်ပြီး Injection ဆိုရင် 2 ထည့်ရမှာဖြစ်ပါတယ်။ 1 တွေ 2 တွေဘယ်မှာသွားကြည့်လို့ရလဲဆိုရင် Main Menu က My Inventory Settings/Subcategories ထဲမှာကြည့်နိုင်ပါတယ်။

packageForm: ရေတွက်ပုံ (သို့) ထုပ်ပိုးပုံစံကို နံပါတ်နဲ့ထည့်သွင်းရပါမယ်၊ Tablet ဆိုရင် 1 ထည့်ရမှာဖြစ်ပြီး Capsule ဆိုရင် 2 ထည့်ရမှာဖြစ်ပါတယ်။ 1 တွေ 2 တွေဘယ်မှာသွားကြည့်လို့ရလဲဆိုရင် Main Menu က My Inventory Settings/Package Forms ထဲမှာကြည့်နိုင်ပါတယ်။

editable: ကိုတော့ 1 တွေချည်းပဲထည့်ပါ

user: ကိုလည်း default user အနေနဲ့ 1 တွေချည်းပဲထည့်ပါ

Microsoft Excel မှာပြင်ရင် *.xlsx file နဲ့ save လုပ်ပြီး Google Sheet မှာပြင်ရင် *.gsheet file နဲ့ save လုပ်ပါတယ်။ ပုံမှန်အတိုင်း save လုပ်ပြီးလို့ application မှာ import လုပ်တော့မယ်ဆိုရင် CSV file အဖြစ်ပြောင်းသိမ်းဖို့လိုပါတယ်။

CSV file ရပြီဆိုရင် Upload CSV file ကိုနှိပ်ပြီး file သိမ်းထားတဲ့နေရာမှာသွားဖွင့်ပါ။ file upload လုပ်ပြီးသွားရင် Columns ထဲမှာ ရွေးပေးရပါမယ်။ CSV file ပြင်တဲ့အခါမှာ နမူနာ file ထဲကအတိုင်း column နာမည်တွေအတိအကျပေးထားတယ်ဆိုရင် Column ရွေးတဲ့နေရာမှာ အလိုအလျောက်ရွေးပြီးသားဖြစ်နေပါလိမ့်မယ်။ နာမည်ပေးပုံချင်းမတူရင်တော့ column နာမည်တွေကို ကိုက်ညီအောင်ပြန်ရွေးပေးရပါမယ်။ ပြီးရင် Import ခလုတ်ကိုနှိပ်ပါ။

Import လုပ်တာအောင်မြင်သွားတယ်ဆိုရင် Items စာမျက်နှာမှာ ပစ္စည်းစာရင်းတွေဝင်လာတာကိုတွေ့ရပါမယ်။