Skip to content

Applying for Humentum Courses

Humentum ရဲ့ NGO သင်တန်းတွေဟာ USAID အသိအမှတ်ပြုသင်တန်းတွေဖြစ်ပြီး USAID Grant တွေရယူတဲ့အခါမျိုးမှာ လိုက်လျောညီထွေဖြစ်စေမယ့် သင်ခန်းစာတွေထည့်သွင်းထားပါတယ်။ NGO အလုပ်မှာ မိမိ career ကိုတည်ဆောက်ဖို့ရည်ရွယ်ထားတယ်ဆိုရင် Humentum သင်တန်းတွေကိုတက်ထားသင့်ပါတယ်။

Humentum Logo

Humentum DPro Suite တွေဟာ တက်ရောက်သူအများဆုံးသင်တန်းတွေဖြစ်ပါတယ်။ Humentum.org မှာ DPro Suite သင်တန်းတစ်ခုချင်းစီကုန်ကျစရိတ်ကို အောက်ပါဇယားကနေဝင်ရောက်လေ့လာနိုင်ပါတယ်။

SuiteLink
Project DProVisit
Program DProVisit
MEAL DProVisit
Finance DProVisit

အထက်ပါ DPro Suite သင်တန်းတွေအပါအဝင် အခြား Humentum Course တွေကို EHSSG က မိတ်ဖက်အဖွဲ့အစည်းတွေအတွက် ဝယ်ယူပေးထားတာကြောင့် အခမဲ့ ဝင်ရောက်လေ့လာနိုင်မှာဖြစ်ပြီး သင်တန်းပြီးဆုံးတဲ့အခါမှာလည်း Humentum ကပေးတဲ့ Certificate ကိုပါ အခမဲ့ ရယူနိုင်မှာဖြစ်ပါတယ်။

Application form

EHSSG ရဲ့မိတ်ဖက်အဖွဲ့အစည်းများအတွက် အဓိကရည်ရွယ်တဲ့ သင်တန်းတွေဖြစ်တာကြောင့် လူတိုင်း Register ပြုလုပ်ရန်ဖွင့်ပေးထားခြင်းမရှိဘဲ သင်တန်းတက်ရောက်ဖို့ application form ကိုဦးစွာဖြည့်ပေးဖို့လိုပါတယ်။

Application Form ဖြည့်ရန်

Application Form မှာပါဝင်တဲ့အချက်များ

  • အမည်
    • မိမိအမည်အရင်း၊ certificate မှာပါစေချင်တဲ့နာမည်အတိုင်း အင်္ဂလိပ်ဘာသာဖြင့် ထည့်ပေးရပါမယ်၊ နောက်ပိုင်းမှာနာမည်ပြန်ပြောင်းလို့ရပေမယ့် သင်တန်းတစ်ခု enroll စလုပ်တဲ့အချိန်မှာရှိခဲ့တဲ့နာမည်ကို တခါတည်းမှတ်ထားတာမို့လို့ ကြားထဲမှာနာမည်ပြန်ပြောင်းပေမယ့်လည်း certificate ထုတ်တဲ့အချိန်မှာ မူလနာမည်နဲ့ပဲထွက်တာမို့လို့ပါ
  • Email
    • အလုပ်အတွက်အီးမေးပဲဖြစ်ဖြစ်၊ ပုဂ္ဂလိကအီးမေးလ်ပဲဖြစ်ဖြစ် ထည့်နိုင်ပါတယ်။ password မေ့ရင် reset link လှမ်းပို့မှာမို့လို့ sign in ဝင်လို့ရပြီး storage လည်းပြည့်မနေတဲ့ အီးမေးလ်ဖြစ်ရင်ရပါပြီ
  • မိတ်ဖက်အဖွဲ့အစည်း
    • အဖွဲ့အစည်းနာမည်ကိုရွေးပါ။ EHSSG မိတ်ဖက်အဖွဲ့အစည်းတွေကို အဓိကထည့်သွင်းထားတာမို့လို့ မိမိအဖွဲ့အစည်းနာမည်မပါခဲ့ရင် info@ehssg.org ကိုဆက်သွယ်လို့ရပါတယ်
  • ရာထူး/တာဝန်
    • လက်ရှိထမ်းဆောင်နေတဲ့ ရာထူး/တာဝန်ကိုထည့်သွင်းပါ၊ အင်္ဂလိပ်ဘာသာဖြင့်ထည့်သွင်းဖို့လိုပါတယ်
  • တက်ရောက်လိုသည့်သင်တန်း
    • တစ်ခုထက်ပိုပြီးရွေးနိုင်ပါတယ်။ သင်တန်းစာရင်းအပြည့်အစုံကို ဤနေရာမှာ ကြည့်နိုင်ပါတယ်။ တချို့သင်တန်းတွေက တက်လို့မရသေးပေမယ့် နောက်နှစ်တွေမှာသင်တန်းတွေထပ်ဝယ်ဖြစ်တယ်ဆိုရင် အများဆုံးတက်ချင်တဲ့အတန်းတွေကို ဦးစားပေးဝယ်ဖို့အတွက်ပါ

အားလုံးဖြည့်ပြီးသွားရင်တော့ application form ကို submit လုပ်လို့ရပါပြီ

How you will get approved

Application form တွေကို တစ်ပတ်လျှင်အနည်းဆုံးတစ်ကြိမ် စိစစ်ပေးပြီး သက်ဆိုင်ရာအဖွဲ့အစည်းရဲ့ဝန်ထမ်းဟုတ်မဟုတ်ကိုပါ စစ်ဆေးတာမို့လို့ စတင်လျှောက်ထားတဲ့အချိန်ကနေ တစ်ပတ်မှနှစ်ပတ်အတွင်း အကြောင်းကြားစာလက်ခံရရှိနိုင်မှာဖြစ်ပါတယ်။ အကြောင်းကြားစာကို မိမိထည့်သွင်းခဲ့တဲ့ အီးမေးလ်လိပ်စာကိုပဲ ပေးပို့မှာဖြစ်ပြီး application form ကိုအတည်ပြုသည်ဖြစ်စေ၊ ငြင်းပယ်ခံရသည်ဖြစ်စေ အကြောင်းကြားပေးမှာဖြစ်ပါတယ်။

Getting your login credentials

Application form ကိုအတည်ပြုပြီးတာနဲ့ သင်တန်းဝင်ရောက်လေ့လာဖို့ account တစ်ခုကို EHSSG ကပြုလုပ်ပေးပါမယ်။ Login ဝင်ရန်အီးမေးလ်လိပ်စာဟာ မိမိပေးထားတဲ့လိပ်စာပဲဖြစ်ပြီး ယာယီ password တစ်ခုကိုပါ ပေးပို့အကြောင်းကြားမှာဖြစ်ပါတယ်။

Humentum LMS သို့သွားရန်

Email နဲ့ ယာယီ password ကိုသုံးပြီး login ဝင်လိုက်တာနဲ့ password ပြောင်းရမယ့်စာမျက်နှာကိုရောက်ပါမယ်။

Password မှာယာယီ password ထည့်ပါ

New Password မှာ မိမိပေးချင်တဲ့ password ထည့်ပါ

Re-enter Password မှာ မိမိပေးချင်တဲ့ password ကိုနောက်တစ်ကြိမ်ထပ်မံထည့်ပါ

Reset Password on first login

Password အသစ်နဲ့နောက်တစ်ကြိမ်ထပ်မံ login ဝင်ရောက်ပြီး သင်တန်းများစတင်လေ့လာနိုင်ပါပြီ။