Skip to content

Email Systems

အီးမေးလ်တွေကို အပလီကေးရှင်းကနေချိတ်ဆက်တဲ့အခါမှာ IMAP နဲ့ POP3 protocol နှစ်မျိုးနဲ့အသုံးပြုနိုင်ပါတယ်။

  • IMAP မှာ အီးမေးလ်တွေရယ်၊ ကိုယ်ခွဲထားသမျှဖိုဒါတွေရယ်အားလုံးကို ဆာဗာမှာပဲသိမ်းထားတာဖြစ်ပါတယ်။ အပလီကေးရှင်းကနေတဆင့်ပြုလုပ်သမျှဟာ ဆာဗာပေါ်မှာပါလိုက်ပြောင်းပြီး ဆာဗာပေါ်မှာဖြစ်ပျက်သမျှဟာလည်း အပလီကေးရှင်းထဲမှာ လိုက်ပြောင်းနေမှာပါ
  • POP3 မှာ ဆာဗာပေါ်က အီးမေးလ်အားလုံးကို အပလီကေးရှင်းဖွင့်နေတဲ့ ကွန်ပြူတာ/မိုဘိုင်းထဲ ဒေါင်းလုဒ်လုပ်လိုက်ပါတယ်။ ပြီးရင်ဆာဗာပေါ်ကနေဖျက်ပစ်လိုက်ပါတယ်။ သုံးတဲ့အပလီကေးရှင်းပေါ်မူတည်ပြီး ဆာဗာပေါ်မှာကော်ပီတစ်ခုကျန်ခဲ့အောင် လုပ်လို့ရပါတယ်

IMAP

IMAP

Choice of Protocol

  • အီးမေးလ်ကို စက်တစ်လုံးထက်ပိုပြီးသုံးမယ်ဆိုရင် IMAP ချိတ်ပါ
  • အီးမေးလ်ကို အပလီကေးရှင်းကကော၊ Webmail ကကောနှစ်မျိုးလုံးသုံးမယ်ဆိုရင် IMAP ချိတ်ပါ
  • အီးမေးလ်ဆာဗာမှာ သိုမှီးနိုင်တဲ့ပမာဏဟာ 15GB အောက်ပဲရနိုင်ရင်တော့ POP3 သုံးပါ
  • အင်တာနက်ဆက်သွယ်မှုခက်တဲ့နေရာတွေ၊ မကြာခဏလိုင်းပြတ်တောက်တဲ့နေရာတွေမှာဆိုရင် POP3 သုံးပါ

IMAP

IMAP ရဲ့အရှည်က Internet Mail Access Protocol ပါ။ မေးလ်ဆာဗာပေါ်ကနေ ကော်ပီပဲယူပါတယ်။ သုံးနေတဲ့စက်ထဲမှာ ဖတ်ပြီး (read) ဖြစ်သွားတာ၊ folder ထဲထည့်လိုက်တာ စတဲ့အပြောင်းအလဲတွေဟာ ဆာဗာပေါ်မှာပါတခါတည်းလိုက်ပြောင်းပါတယ်

စက်ထဲဒေါင်းလုဒ်လုပ်ထားတဲ့ အီးမေးလ်တွေဟာ အင်တာနက်မရတော့ပေမယ့် ဆက်ကြည့်လို့ရနေဦးမှာပါ။ အင်တာနက်မရတဲ့အချိန်လုပ်ထားတဲ့ အပြောင်းအလဲတွေဟာ လိုင်းမိတာနဲ့ဆာဗာကိုချိတ်ဆက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ IMAP ချိတ်ထားတဲ့စက်တစ်လုံးကနေ အပြောင်းအလဲလုပ်သမျှဟာ ဆာဗာပေါ်မှာကော၊ တခြား IMAP ချိတ်ဆက်ထားတဲ့စက်တွေမှာပါ တပြေးညီလိုက်ပြောင်းပေးပါတယ်။ စက်တစ်လုံးမှာ SENT လုပ်လိုက်တာ၊ DRAFT ထဲမှာသိမ်းထားတာတွေဟာလည်း တခြားစက်တွေမှာပါ လိုက်ပြောင်းလဲမှာဖြစ်ပါတယ်။

POP3

POP3 ရဲ့အရှည်က Post Office Protocol (version3) ပါ။ ဆာဗာကနေ ဒေါင်းလုဒ်ပြီးတာနဲ့ဖျက်လိုက်ပါတယ်။ ဆာဗာပေါ်မှာလက်ခံမကျန်ခဲ့တော့ပါဘူး။ တခြားစက်တစ်လုံးကနေ POP3 နဲ့ထပ်ချိတ်သုံးမယ်ဆိုရင် အရင်ဒေါင်းလုဒ်လုပ်တဲ့စက်ထဲကိုအရင်ရောက်ပြီး နောက်စက်မှာဘာမှရောက်လာမှာမဟုတ်ပါဘူး။ စက်ထဲမှာအီးမေးလ်ကိုဖတ်လိုက်တာ၊ ဖိုဒါရွှေ့တာမှန်သမျှဟာ ဆာဗာပေါ်မှာလိုက်မပြောင်းပါဘူး။ တချို့အပလီကေးရှင်းတွေမှာ POP3 နဲ့ချိတ်ပေမယ့် ဆာဗာပေါ်မှာကော်ပီတစုံထားခဲ့ချင်ထားခဲ့လို့ရနိုင်တဲ့ setting ပါတတ်ပါတယ်၊ ဥပမာ (Thunderbird, Outlook, Gmail)။ POP3 သုံးပြီး ဆာဗာပေါ်ကော်ပီကျန်ခဲ့အောင်လုပ်ထားပေမယ့် INBOX ထဲရောက်တဲ့မေးလ်တွေသာ ကျန်ခဲ့တာဖြစ်ပြီး SENT လုပ်လိုက်တာတွေ၊ DRAFT ထဲသိမ်းထားတာတွေကတော့ POP3 နဲ့ချိတ်ထားတဲ့စက်ထဲမှာပဲ ကျန်ခဲ့ပါတယ်။ တခြားစက်တွေကနေဝင်ကြည့်မယ်ဆိုရင် DRAFT နဲ့ SENT တွေကိုတွေ့ရမှာမဟုတ်ပါဘူး။