Skip to content

Learning Courses

Launching Courses

Course တစ်ခုကိုစတင်လေ့လာတော့မယ်ဆိုရင် Catalog ထဲကနေ Module တစ်ခုချင်းစီသွားမနှိပ်ဘဲ Learning Pathway ကိုပဲ အရင်သွားပါ။

Learning Pathway ထဲရောက်ရင် Course Details နဲ့ Program Structure ဆိုတဲ့ tab နှစ်ခုတွေ့ရပါမယ်။ Program Structure tab ထဲကိုဝင်ပါ။

Program Structure

Learning Pathway ထဲမှာရှိတဲ့ Module တွေကိုတွေ့ရပါမယ်။ မိမိလေ့လာချင်တဲ့ module ကိုနှိပ်ပါ။

ညာဘက်အစွန်က Launch ခလုတ်ကိုနှိပ်ပါ

Launch Module

စာမျက်နှာအသစ်တစ်ခုပွင့်လာပြီး Module အလိုက်လေ့လာနိုင်မှာဖြစ်ပါတယ်။

Resuming Courses

လေ့လာနေဆဲသင်ခန်းစာတွေကို နောက်ဆုံးရောက်ခဲ့တဲ့နေရာကနေ ပြန်ဝင်လို့ရပါတယ်။ DPro သင်ခန်းစာအမျိုးအစားတွေမှာ Module တွေခွဲထားလေ့ရှိပြီး Module တစ်ခုပြီးမှနောက်တစ်ခုဆက်တက်ရမယ်လို့ ကန့်သတ်ထားတာမရှိပါဘူး။ ဘယ် module ကိုပဲဝင်ဝင် ရောက်တဲ့နေရာကနေ ဆက်လေ့လာလို့ရပါတယ်။ Course တစ်ခုမှာ enroll လုပ်လိုက်ပြီဆိုတာနဲ့ Home စာမျက်နှာမှာ Current Courses ဆိုပြီးပြပေးပါလိမ့်မယ်။

Current Courses

Course ထဲကိုဝင်ကြည့်လိုက်မယ်ဆိုရင် Course Details နဲ့ Program Structure ဆိုတဲ့ tab နှစ်ခုတွေ့ရပါမယ်။ Program Structure tab ထဲကိုဝင်ပါ။

Program Structure

Learning Pathway ထဲမှာရှိတဲ့ Module တွေကိုတွေ့ရပါမယ်။ မိမိလေ့လာချင်တဲ့ module (သို့) လေ့လာဆဲ module ကိုနှိပ်ပါ။

ညာဘက်အစွန်က Launch ခလုတ်ကိုနှိပ်ပါ

Launch Module

လေ့လာလက်စနေရာကနေ ဆက်တက်လို့ရနေမှာဖြစ်ပါတယ်

Resume Progress

Getting Certificate

Module တွေအားလုံးပြီးသွားတဲ့အခါ Module တစ်ခုချင်းအတွက် certificate ထုတ်လို့ရသလို Module အားလုံးပေါင်းထားတဲ့ Learning Pathway တစ်ခုလုံးစာအတွက်လည်း certificate ရယူနိုင်ပါတယ်။

Top Menu က Learning Center အောက်က Certifications ကိုသွားပါ။ မိမိလတ်တလောပြီးထားတဲ့ certificate တွေကိုမြင်ရပါမယ်။ certificate အားလုံးကိုပေါ်စေချင်ရင် Status မှာ All ကိုရွေးပါ။

Filter certificates

Certificate ထုတ်ယူတဲ့အခါမှာ module (သို့) Learning Pathway ရဲ့ ဘယ်ဘက်အစွန်က Setting ကိုနှိပ်ပြီး Print ကိုရွေးပါ

Print Certificate

Download ခလုတ်ကိုနှိပ်ပြီး PDF format နဲ့ Download လုပ်နိုင်ပါပြီ

Download PDF

Launch button not visible

Certificate ထုတ်ပြီးသား course တွေနဲ့ module တွေကိုပြန်ဖတ်ချင်တာ၊ ရောက်တဲ့နေရာကနေ ပြန်ဝင်ဖတ်ချင်တဲ့အခါမျိုးမှာ Launch ခလုတ်ရှာလို့မတွေ့တာမျိုးဖြစ်တတ်ပါတယ်။

တွေ့နေကျ Launch နေရာမှာ Knowledge Center ပဲပေါ်နေတာကိုနှိပ်ပါ

Knowledge Center

နောက်ပေါ်လာတဲ့စာမျက်နှာမှာ Launch ခလုတ်ကိုနှိပ်ပြီးဖွင့်နိုင်ပါတယ်

Launch in Knowledge Center